အထူးဒေသ (၆) ပအိုဝ်းအမျိုးသားတပ်မတော် (PNA) အထူးတပ်ဖွဲ့တွေကို တိုက်ပွဲမှာ လိုအပ်တဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။
PNA အထူးတပ်ဖွဲ့ဝင်တွေကို တိုက်ပွဲတွင်လိုအပ်တဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းများတပ်ဆင်ပေးပြီး PNA ဒု-စစ်ဦးစီးချုပ် (၂) ဗိုလ်မှူးကြီး ခွန်စိန်မင်းမှ စစ်ဘက်ဆိုင်ရာကိစ္စရပ်တွေကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ပအိုဝ်းအမျိုးသားအဖွဲ့/ပအိုဝ်းအမျိုးသားတပ်မတော် (PNO/PNA) ဟာ ၁၉၉၁ ခုနှစ်က နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ နဲ့ ငြိမ်းချမ်းရေး ရယူခဲ့ပြီးနောက် ပအိုဝ်းဒေသကို အထူးဒေသ ၆ အဖြစ် သတ်မှတ်ပေးပြီး ကိုယ်ပိုင်အုပ်ချုပ်ခဲ့ခွင့် ရရှိခဲ့ပါတယ်။
အဲဒီနောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံရပဒေအရ PNO/PNA အသွင်ပြောင်း ပြည်သူ့စစ်အနေဖြင့် ပြောင်းလဲခဲ့ပြီး စစ်ကွပ်ကဲရေးရုံးချုပ်ကိုလည်း တောင်ကြီးမြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။
လက်ရှိမှာလည်း စစ်တပ်နဲ့ ပူးပေါင်းကာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) မဟာမိတ်ပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတယ်လို့ သိရပါတယ်။


