25
ရှမ်းနီအမျိုးသားများညီညွတ်ရေးကောင်စီ/ရှမ်းနီအမျိုးသားများတပ်မတော် (SNUC/SNA) နဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ အောက်တိုဘာ ၉ ရက်မှာ နေပြည်တော်၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ထပ်မံပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ ဧပြီ ၂၀ ရက်ကနေ ဇူလိုင် ၃၁ ရက်အထိ ရက် ၁၀၀ စီမံချက်အဖြစ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
အဲဒီနောက် ၂၀၂၆ ခုနှစ် မေလ ၁၄ ရက်မှာ NSPNC နဲ့ SNUC/SNA တို့ နေပြည်တော်မှာ ပထမအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပါတယ်။
အခု အောက်တိုဘာ ၉ ရက်မှာ ပြုလုပ်တဲ့ တွေ့ဆုံမှုဟာ SNUC/SNA နဲ့ အစိုးရအဖွဲ့တို့ နေပြည်တော်မှာ ဒုတိယအကြိမ် ထပ်မံတွေ့ဆုံဆွေးနွေးတာ ဖြစ်ပါတယ်။