12



စစ်ကိုင်းတိုင်း အထက်ပိုင်း ဗန်းမောက်မြို့နယ်လုံးဆိုင်ရာ ရှမ်းနီစာပေ နဲ့ ယဉ်ကျေးမှုကော်မတီကို ပြန်လည်ဖွဲ့စည်းနိုင်ရေးအတွက် ဒီနေ့ မေလ ၂၉ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီ ဆွေးနွေးပွဲကို မံအင်မင်းကုန်းအုပ်စု မင်းကုန်းကျေးရွာမှာ ကျင်းပခဲ့ပြီး မြို့နယ်ရှမ်းနီစာပေ နဲ့ ရိုးရာယဉ်ကျေးမှုကော်မတီ မြို့နယ်အဆင့်ဖွဲ့စည်းရေးအတွက် အကြိုဆွေးနွေးခဲ့ကြပါတယ်။
ကိုဗစ် နဲ့ နိုင်ငံရေး အကျပ်အတည်းတွေကြောင့် မြို့နယ်အဆင့် ဗန်းမောက်ရှမ်းနီစာယဉ်ရဲ့ လုပ်ငန်းစဉ်တွေကို ရပ်နားခဲ့ကြရပြီး လက်ရှိမှာ ပြန်လည်ဖွဲ့စည်းနိုင်ရေး လုပ်ဆောင်နေကြတာပဲ ဖြစ်ပါတယ်။


