Home သတင်းဓာတ်ပုံ Ballon d’Or ဆုကို PSG တောင်ပံကစားသမား ဒမ်ဘီလီ ရရှိ

Ballon d’Or ဆုကို PSG တောင်ပံကစားသမား ဒမ်ဘီလီ ရရှိ

by Homeland Author

၂၀၂၅ ခုနှစ်အတွက် Ballon d’Or ဆုကို ပြင်သစ် နဲ့ PSG အသင်း တောင်ပံကစားသမား ဒမ်ဘီလီက ရရှိသွားခဲ့ပါတယ်။

ဒမ်ဘီလီဟာ အဆိုပါ ဆုကို ဘာစီလိုနာအသင်းက ယာမဲလ်၊ PSG အသင်းဖော် ဗီတင်ညာ၊ လီဗာပူးလ်အသင်းက ဆာလက်တို့ကို မဲအသာရပြီး ပထမဆုံးအကြိမ်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ရာသီမှာ နိုင်ငံ နဲ့ ကလပ်အသင်းအတွက် ပွဲပေါင်း ၆၀ ကစားခဲ့ပြီး ၃၇ ဂိုးသွင်းကာ ဖန်တီးမှု ၁၆ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။

PSG အသင်းကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ရေးအတွက် ဒမ်ဘီလီ ဟာ အဓိကနေရာက ပါဝင်ခဲ့တာကြောင့်လည်း အခုလို Ballon d’Or ဆိုကို ရရှိခဲ့တာဖြစ်ပါတယ်။

related posts

Leave a Comment