ဖားကန့်မြို့နယ်မှာ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတာကြောင့် ဒေသခံတွေ သွားလာရေးနဲ့ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ လမ်းပြင်ဆင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ ဒီဇယ်ဆီပြတ်လပ်သွားတာကြောင့် လုပ်ငန်းရပ်နားပြီး စောင့်ဆိုင်းနေရတဲ့ အခြေအနေတွေရှိနေတယ်လို့ သိရပါတယ်။ “လမ်းပြင်နေတုန်း စက်သုံးဆီပြတ်သွားလို့ စောင့်နေရတယ်။ အခု ဒီဇယ်က ရှားပြီး …
သျှမ်းပြည်မြောက်ပိုင်း လားရိူးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု ဝမ်စယ်ကျေးရွာမှာ ရွှေတူးဖော်မှုကို ကန့်ကွက်တဲ့ ဒေသခံပြည်သူတွေကို ကိုးကန့်တပ် (MNDAA) မှ ဖမ်းဆီးနှိပ်စက်နေတယ်လို့ သျှမ်းကျောင်းသားများသမဂ္ဂ (TSU) မှ ဒီနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ MNDAA တပ်ဖွဲ့က ဝမ်စယ်ကျေးရွာက ဒေသခံတွေရဲ့ သဘောတူညီမှုမရှိဘဲ လယ်ယာမြေတွေပေါ်မှာ ရွှေတူးဖို့ တရုတ်လုပ်ငန်းရှင်တွေကို …