ဖားကန့်မြို့နယ်မှာ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတာကြောင့် ဒေသခံတွေ သွားလာရေးနဲ့ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ လမ်းပြင်ဆင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ ဒီဇယ်ဆီပြတ်လပ်သွားတာကြောင့် လုပ်ငန်းရပ်နားပြီး စောင့်ဆိုင်းနေရတဲ့ အခြေအနေတွေရှိနေတယ်လို့ သိရပါတယ်။ “လမ်းပြင်နေတုန်း စက်သုံးဆီပြတ်သွားလို့ စောင့်နေရတယ်။ အခု ဒီဇယ်က ရှားပြီး …
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း အင်းတော်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်ရတာကြောင့် ဇန်နဝါရီလ တစ်လအတွင်း ပြည်သူ ၁၄ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Indaw Revolution-IR က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့ ည ၉ နာရီခန့်မှာ အင်းတော်မြို့နယ် လေဘိုရွာကို စစ်တပ်က ဂျက်ဖိုက်တာတစ်စင်းနဲ့ ဗုံးနှစ်လုံးကြဲချခဲ့တာကြောင့် အရပ်သား …