သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အစပိုင်းမှာ စစ်တပ်နဲ့ အငြင်းပွားဖွယ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က စစ်တပ်ကို ပွင့်ပွင့်လင်းလင်း ပြစ်တင်ဝေဖန်တဲ့ဘက်ကို ပြောင်းလဲလာတယ်လို့ ဥပဒေအထောက်အကူပြုကွန်ရက် (Legal Aid Network) က …
မိုးညှင်းခရိုင်၊ အင်းတော်ကြီး PDF တွေကို ဗန်မော်ရှေ့တန်းသို့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) က ပို့ဆောင်နေတယ်လို့ သိရပါတယ်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ KIA/PDF တို့ရဲ့ ထိုးစစ်ဆင်မှုဟာ တစ်နှစ်ကျော် ကြာမြှင့်လာပြီဖြစ်တာကြောင့် တပ်သားလိုအပ်ချက်တွေရှိလာပြီဖြစ်တယ်လို့ ပြောပါတယ်။ ဗန်းမော်ရှေ့တန်းသို့ ပို့ခံရတဲ့ အင်းတော်ကြီး PDF တွေဟာ ထိခိုက်ဒဏ်ရာ တစုံတရာ ရရှိမှသာ အင်းတော်ကြီးသို့ ပြန်ရောက်လာကြကြောင်း အဲဒီအခြေအနေ …