မန္တလေး တံတားဦးလေဆိပ်မှာရှိတဲ့ တိုက်လေယာဉ်တွေကို မနေ့က စက်တင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းမှာ FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာဟာ ဂျီနီဗာကွန်ဗင်းရှင်းတွေနဲ့ အပြည်ပြည်ဆိုင်ရာဥပဒေအရ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်လို့ စစ်တပ်က ပြောပါတယ်။ တော်လှန်ရေးအင်အားစုဘက်က FPV ဒရုန်း ၆ စင်းနဲ့ တိုက်ခိုက်လာတာကို လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ ထောက်လှမ်းတွေ့ရှိခဲ့ပြီး …
ချင်းပြည်ကောင်စီ အနေနဲ့ ချင်းလူမျိုးအချင်းချင်း တိုက်ခိုက်သတ်ဖြတ်မှုတွေကို လက်မခံတဲ့ အပြင် စစ်ရေးဖော်ဆောင်မှုတွေ တိုက်ခိုက်မှုတွေမှာလည်း ပူးပေါင်း ပါဝင်တာ မရှိဘူးလို့ မနေ့က ဖေဖော်ဝါရီ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။ ချင်းပြည်ကောင်စီဟာ ချင်းပြည်တည်ဆောက်ရေး၊ ချင်းအမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ချင်းပြည်အတွင်း စစ်အာဏာရှင်မှန်သမျှ အမြစ်ဖြတ်ချေမှုန်းရေး၊ ချင်းပြည်အတွင်း စစ်ရေးနဲ့ နိုင်ငံရေးကို ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ …