မန္တလေး တံတားဦးလေဆိပ်မှာရှိတဲ့ တိုက်လေယာဉ်တွေကို မနေ့က စက်တင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းမှာ FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာဟာ ဂျီနီဗာကွန်ဗင်းရှင်းတွေနဲ့ အပြည်ပြည်ဆိုင်ရာဥပဒေအရ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်လို့ စစ်တပ်က ပြောပါတယ်။ တော်လှန်ရေးအင်အားစုဘက်က FPV ဒရုန်း ၆ စင်းနဲ့ တိုက်ခိုက်လာတာကို လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ ထောက်လှမ်းတွေ့ရှိခဲ့ပြီး …
မိုးကောင်း၊ ပင်းဘောရဲစခန်း တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံး၊ ပြည်သူ့စစ်တစ်ဦးနဲ့ ရာအိမ်မှူးကို KIA/PDF ဖမ်းခေါ်
မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပင်းဘောရဲစခန်းကို ဒီကနေ့ မနက်ပိုင်းက ကချင်လွတ်မြောက်ရေး တပ်မတော် KIA/ PDF တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၁ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ KIA/ PDF တို့ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးသွားတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦးကလည်း ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။ မနက် ၈ နာရီမှာ …