ဖားကန့်မြို့နယ်မှာ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတာကြောင့် ဒေသခံတွေ သွားလာရေးနဲ့ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ လမ်းပြင်ဆင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ ဒီဇယ်ဆီပြတ်လပ်သွားတာကြောင့် လုပ်ငန်းရပ်နားပြီး စောင့်ဆိုင်းနေရတဲ့ အခြေအနေတွေရှိနေတယ်လို့ သိရပါတယ်။ “လမ်းပြင်နေတုန်း စက်သုံးဆီပြတ်သွားလို့ စောင့်နေရတယ်။ အခု ဒီဇယ်က ရှားပြီး …
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ စာသင်ကျောင်းတွေမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ကျောင်းသုံးဗလာစာအုပ်နဲ့ စာရေးကိရိယာတွေ ဇူလိုင် ၂၁ ရက်နေ့က ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ SNA တပ်မဟာ (၈၉၁) တပ်ရင်း(၄) မှ ဟုမ္မလင်းမြို့နယ် ကောယားကျေးရွာအုပ်စု အတွင်းရှိ မကျည်းကုန်းကျေးရွာ၊ တုံမန်ဟဲကျေးရွာ နဲ့ မောင်ခမ်းအုပ်စု အတွင်းရှိ ချောင်းဆုံကျေးရွာ၊ သဲနန်ကျေးရွာ စတဲ့ကျေးရွာ …