ဖားကန့်မြို့နယ်မှာ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတာကြောင့် ဒေသခံတွေ သွားလာရေးနဲ့ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ လမ်းပြင်ဆင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ ဒီဇယ်ဆီပြတ်လပ်သွားတာကြောင့် လုပ်ငန်းရပ်နားပြီး စောင့်ဆိုင်းနေရတဲ့ အခြေအနေတွေရှိနေတယ်လို့ သိရပါတယ်။ “လမ်းပြင်နေတုန်း စက်သုံးဆီပြတ်သွားလို့ စောင့်နေရတယ်။ အခု ဒီဇယ်က ရှားပြီး …
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့နယ် ဟုမ္မလင်းမြို့ကုတင် ၁၀၀ ဆံ့ ပြည်သူဆေးရုံမှာ ပါရဂူဆရာဝန်ကြီးတွေမှ မျက်စိဝေဒနာရှင်တွေအတွက် ဒီကနေ့ ဇူလိုင် ၂၆ ရက်မှာ စ၍ အခမဲ့ ကုသပေးနေတယ်လို့ သိရပါတယ်။ ဒေသတွင်းရှိ မျက်စိဝေဒနာရှင်တွေအတွက် သဲဖြူဆရာတော်ဘုရားကြီး ဦးဆောင်မှုဖြင့် ဟုမ္မလင်းမြို့ သာသနာ့ဇောတိကမြို့မကျောင်း ဆရာတော်ဘုရားကြီးမှ ကြီးကြပ်ကွပ်ကဲ၍ ပါရဂူဆရာဝန်ကြီးတွေမှ လာရောက် ကုသပေးမှာဖြစ်ကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေထံက …