ဖားကန့်မြို့နယ်မှာ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတာကြောင့် ဒေသခံတွေ သွားလာရေးနဲ့ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ လမ်းပြင်ဆင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ ဒီဇယ်ဆီပြတ်လပ်သွားတာကြောင့် လုပ်ငန်းရပ်နားပြီး စောင့်ဆိုင်းနေရတဲ့ အခြေအနေတွေရှိနေတယ်လို့ သိရပါတယ်။ “လမ်းပြင်နေတုန်း စက်သုံးဆီပြတ်သွားလို့ စောင့်နေရတယ်။ အခု ဒီဇယ်က ရှားပြီး …
ကယား (ကရင်နီ) ပြည်နယ်ရှိ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ဒီမော့ဆိုမြို့ကို စစ်တပ်က ဩဂုတ် ၁၉ ရက်နေ့မှာ ပြန်လည်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ ထုတ်ပြန်ထားပါတယ်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစ၍ ဒီမော့ဆိုမြို့နယ် နေရာအများစုကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ခဲ့ပေမယ့် စစ်တပ်ရဲ့ ခလရ ၁၀၂ နဲ့ ခမရ ၄၂၇ တပ်ရင်းတို့ကို မသိမ်းပိုက်နိုင်ခဲ့ဘဲ အဆိုပါတပ်ရင်းနှစ်ရင်းကို အခြေပြုကာ ပြန်လည်ထိုးစစ်ဆင်လာခဲ့တာ …