သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အစပိုင်းမှာ စစ်တပ်နဲ့ အငြင်းပွားဖွယ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က စစ်တပ်ကို ပွင့်ပွင့်လင်းလင်း ပြစ်တင်ဝေဖန်တဲ့ဘက်ကို ပြောင်းလဲလာတယ်လို့ ဥပဒေအထောက်အကူပြုကွန်ရက် (Legal Aid Network) က …
ကိုယ့်ကိုပိုပြီးအကျိုးပြုမယ့်နိုင်ငံနဲ့ ဦးစားပေးဆက်ဆံသွားမယ်လို့ စစ်ကောင်စီ ပြော
မိမိတို့အနေနဲ့ နိုင်ငံအားလုံးနဲ့ ဆက်ဆံတဲ့နေရာမှာ ကိုယ့်ကိုပိုပြီးအကျိုးပြုမယ့်နိုင်ငံတွေနဲ့ ဦးစားပေးဆက်ဆံသွားမယ်လို့ စစ်ကောင်စီတပ်ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ ကိုယ်စာလှယ်အဖွဲ့ဟာ ဘယ်လာရုစ်နိုင်ငံမှာ ကျင်းပတဲ့ ဥရောပ-အာရှ (EEF) စီးပွားရေးဖိုရမ် တက်ရောက်ပြီး အပြန် ပြည်တွင်းအခြေစိုက် မီဒီယာတွေနဲ့ တွေ့ဆုံစဉ် အခုလို ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ဇော်မင်းထွန်းက “ကျနော်တို့ မြန်မာနိုင်ငံက …