သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အစပိုင်းမှာ စစ်တပ်နဲ့ အငြင်းပွားဖွယ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က စစ်တပ်ကို ပွင့်ပွင့်လင်းလင်း ပြစ်တင်ဝေဖန်တဲ့ဘက်ကို ပြောင်းလဲလာတယ်လို့ ဥပဒေအထောက်အကူပြုကွန်ရက် (Legal Aid Network) က …
မန္တလေးမြို့မှာ သျှမ်းနီရှေးဟောင်းပုရပိုက်စာပေ ရွတ်ဖတ်ပူဇော်ပွဲ နဲ့ မျိုးဆက်သစ်သျှမ်းနီလူငယ်တွေ သျှမ်းရှေးဟောင်းပုရပိုက်စာပေ သင်ကြားမှုအပြီး သင်တန်းဆင်းပွဲတို့ကို သီတင်းကျွတ် လပြည့်နေ့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ သျှမ်းနီရှေးဟောင်းပုရပိုက်စာပေဟာ သျှမ်းနီတိုင်းရင်းသားတို့ရဲ့ မိခင်စာပေ (Mother Language) ဖြစ်ပြီး မျက်မှောက်ခေတ်ကာလမှာ တိမ်မြုပ်ပျောက်ကွယ်လုနီးပါး အခြေအနေဖြင့် ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သျှမ်းနီရှေးဟောင်းပုရပိုက်စာပေကို လက်ဆင့်ကမ်း သင်ယူတတ်မြောက်မယ့် မျိုးဆက်သစ်သျှမ်းနီလူငယ်တွေ ပေါ်ထွန်းလာရေး၊ အမျိုးဂုဏ်၊ …