ဖားကန့်မြို့နယ်မှာ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတာကြောင့် ဒေသခံတွေ သွားလာရေးနဲ့ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ လမ်းပြင်ဆင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ ဒီဇယ်ဆီပြတ်လပ်သွားတာကြောင့် လုပ်ငန်းရပ်နားပြီး စောင့်ဆိုင်းနေရတဲ့ အခြေအနေတွေရှိနေတယ်လို့ သိရပါတယ်။ “လမ်းပြင်နေတုန်း စက်သုံးဆီပြတ်သွားလို့ စောင့်နေရတယ်။ အခု ဒီဇယ်က ရှားပြီး …
KIAနဲ့ လုပ်ငန်းရှင်အချို့ ဟုမ္မလင်းမြို့နယ် ရာလားတီး၊ ပါဟုတ်ကြီးရွာအတွင်း ရွှေတူးဖော်နေ
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် ရွှေတွင်းကျေးရွာအုပ်စု ရာလားတီး နဲ့ ပါဟုတ်ကြီးကျေးရွာအတွင်း ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ ရွှေလုပ်ငန်းရှင်အချို့ ပူးပေါင်းပြီး ရွှေတူးဖော်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ KIA နဲ့ ရွှေလုပ်ငန်းရှင်အချို့ဟာ ကျေးရွာထဲ အဓမ္မတူးဖော်ခြင်းဖြစ်ကြောင်း၊ ကျေးရွာသားတွေအနေနဲ့ လုံးဝလက်မခံပေမယ့် လက်နက်ပြခြိမ်းခြောက်တူးဖော်တာကြောင့် ဘာမှမတတ်နိုင်ဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ရွာလမ်းတွေ အိမ်လမ်းတွေ ဖြတ်ပြီး မျောမောင်းနေကြတာ …