ဖားကန့်မြို့နယ်မှာ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတာကြောင့် ဒေသခံတွေ သွားလာရေးနဲ့ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ လမ်းပြင်ဆင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ ဒီဇယ်ဆီပြတ်လပ်သွားတာကြောင့် လုပ်ငန်းရပ်နားပြီး စောင့်ဆိုင်းနေရတဲ့ အခြေအနေတွေရှိနေတယ်လို့ သိရပါတယ်။ “လမ်းပြင်နေတုန်း စက်သုံးဆီပြတ်သွားလို့ စောင့်နေရတယ်။ အခု ဒီဇယ်က ရှားပြီး …
KIA၊ UWSA နဲ့ NDAA တို့ တရုတ်ထံ မြေရှားတင်ပို့မှု ကိုးလအတွင်း ကန်ဒေါ်လာသန်း ၆၀၀ ကျော်ရှိ
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA) နဲ့ တရုတ်ကုမ္ပဏီတွေ ၂၀၂၅ ခုနှစ် ကိုးလအတွင်း တရုတ်နိုင်ငံသို့ မြေရှားတင်ပို့မှု အမေရိကန်ဒေါ်လာသန်း ၆၀၀ ကျော်ရှိခဲ့တယ်လို့ ISP Myanmar က ဖော်ပြပါတယ်။ ကမ္ဘာ့မြေရှားတူးဖော်မှုမှာ မြန်မာနိုင်ငံက အဓိကပါဝင်သူအဖြစ် ဆက်ရှိနေပြီး၂၀၂၄ ခုနှစ် စာရင်းများအရ ကမ္ဘာ့မြေရှားထုတ်လုပ်မှုမှာ တရုတ်နိုင်ငံက ၆၁ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးတွင်ရပ်တည်နေပြီး …