Home » နမ့်ခမ်းကို ကိုးကန့်အထူးဒေသထဲ MNDAA ထည့်သွင်းလာပြီး နယ်မြေချဲ့ထွင်လာ

နမ့်ခမ်းကို ကိုးကန့်အထူးဒေသထဲ MNDAA ထည့်သွင်းလာပြီး နယ်မြေချဲ့ထွင်လာ

by Homeland Author

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ကို ကိုးကန့်တပ် (MNDAA) က သူ့ရဲ့ အထူးဒေသ (၁) အတွင်း ပါဝင်တဲ့ မြို့နယ်တစ်ခုအဖြစ် ဖော်ပြလာပါတယ်။

ဒါ့အပြင် MNDAA တာဝန်ရှိသူတွေဟာ နမ့်ခမ်းမြို့နယ်၊ မန်ကျားကျေးရွာက ဒေသခံတွေနဲ့ တွေ့ဆုံပြီး လုံခြုံရေး၊ အုပ်ချုပ်ရေးနဲ့ ဒေသတွင်းပြဿနာတွေကို ဆွေးနွေးခဲ့ပါတယ်။

MNDAA က နမ့်ခမ်းကို အထူးဒေသ (၁) အတွင်း ထည့်သွင်းဖော်ပြလာတာဟာ ဒေသခံတွေနဲ့ တိုက်ရိုက်ဆက်ဆံရေး တည်ဆောက်ပြီး အုပ်ချုပ်ရေးဆိုင်ရာ ဩဇာချဲ့ထွင်လာတာဖြစ်တယ်လို့ ရှုမြင်မှုတွေ ရှိနေပါတယ်။ ဒါဟာ TNLA နဲ့ မဟာမိတ်ဆက်ဆံရေးထက် နယ်မြေအုပ်ချုပ်ရေးနဲ့ ဩဇာလွှမ်းမိုးမှုက ပိုပြီး အရေးပါလာတဲ့ အခြေအနေကို ပြသနေတယ်လို့ ဆိုပါတယ်။

MNDAA နဲ့ TNLA နှစ်ဖွဲ့စလုံးဟာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း မဟာမိတ်အဖြစ် ပူးပေါင်းတိုက်ခိုက်ခဲ့ကြပေမယ့် စစ်ဆင်ရေးအောင်မြင်ပြီးနောက် သိမ်းပိုက်ရရှိခဲ့တဲ့ နယ်မြေတွေမှာ အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

related posts

Leave a Comment