Home » ဗန်းမောက်မှာ ကလေးငယ်တွေကို ဂျိုက်သိုးကာကွယ်ဆေး ထိုးနှံပေး

ဗန်းမောက်မှာ ကလေးငယ်တွေကို ဂျိုက်သိုးကာကွယ်ဆေး ထိုးနှံပေး

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်မှာ အသက် ၉ လမှ ၅ နှစ်အောက် ကလေးငယ်တွေကို ဂျိုက်သိုးကာကွယ်ဆေး ထိုးနှံပေးနေကြောင်း သိရပါတယ်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို နိုဝင်ဘာ ၉ ရက်မှ ၁၃ ရက်အထိ ကျေးရွာအုပ်စုအသီးသီးကို လှည့်လည်ပြီး ဆောင်ရွက်ပေးနေခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဂျိုက်သိုးရောဂါဟာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတဲ့ ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး အဖျားအနည်းငယ်တက်ခြင်း၊ အရေပြားမှာ အနီစက်အဖုတွေ ထွက်ခြင်းနဲ့ လည်ပင်း၊ နားနောက်ဘက်ရှိ အကျိတ်တွေ ရောင်ရမ်းခြင်းတို့ ဖြစ်ပွားနိုင်ပါတယ်။

related posts

Leave a Comment