Home » တပ်ပြေးရဲဘော်တွေ ပြန်လာပါက ပြစ်ဒဏ်လျော့ပေါ့မယ်လို့ ကသာ PDF ပြော

တပ်ပြေးရဲဘော်တွေ ပြန်လာပါက ပြစ်ဒဏ်လျော့ပေါ့မယ်လို့ ကသာ PDF ပြော

by Homeland Author

လက်ရှိ တပ်ရင်းမှာ တာဝန်ထမ်းဆောင်ခြင်း မရှိသော ရည်ရွယ်ချက်ရှိရှိ တပ်ပြေးသူတွေအနေနဲ့ ကသာခရိုင်၊ အမှတ် (၅) တပ်ရင်းသို့ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၅ ရက် နောက်ဆုံးထား၍ လာရောက်ကြဖို့ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ သတ်မှတ်ရက်အတွင်း တပ်ရင်းသို့ ပြန်လည်ရောက်ရှိလာတဲ့ ရဲဘော်တွေကို ပြစ်ဒဏ်လျော့ပေါ့ စဉ်းစားမှာဖြစ်တယ်လို့ စက်တင်ဘာ ၂၀ ရက်နေ့က ကသာခရိုင်၊ အမှတ် (၅) တပ်ရင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မိမိတို့ တပ်ရင်း စတင်ဖွဲ့စည်းချိန်မှ ဒီအမိန့်စာ ထုတ်ပြန်တဲ့အချိန်ထိ တပ်ရင်းမှ တရားဝင် ခွင့်ပေးထားတဲ့ ရဲဘော်တွေ၊ တရားဝင်ဆေးခွင့်ပေးထားတဲ့ ရဲဘော်တွေ၊ တာဝန်ကင်းကွာဖြစ်တဲ့ ရဲဘော်တွေမှအပ တပ်ရင်းမှာ တာဝန်ထမ်းဆောင်ခြင်း မရှိတဲ့ တပ်ပြေးသူတွေ၊ တပ်ရင်းနဲ့ ကင်းကွာတဲ့ ရဲဘော်တွေ၊ ခွင့်လွန်ရဲဘော်တွေ ပြန်လာကြဖို့ ဆိုပါတယ်။

အဲဒီသတ်မှတ်ရက်ကာလအတွင်း တပ်ရင်းသို့ ရောက်ရှိမလာပါက တပ်ပြေးသတ်မှတ်ပြီး တပ်ပြေးစစ်ဥပဒေဖြင့် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမယ်လို့ အမိန့်ထုတ်ပြန်ကြောင်း ဆိုပါတယ်။

related posts

Leave a Comment