Home » သီပေါမှာ ၁၄ နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို အကိုဖြစ်သူ အဓမ္မပြုကျင့် သတ်ဖြတ်

သီပေါမှာ ၁၄ နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို အကိုဖြစ်သူ အဓမ္မပြုကျင့် သတ်ဖြတ်

by Homeland Author

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်မှာ အသက် ၁၄ နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူ မိန်းကလေးငယ်တစ်ဦးကို အကိုဖြစ်သူက အဓမ္မပြုကျင့် သတ်ဖြတ်မှု ဖြစ်ပွားခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ထုတ်ပြန်ပါတယ်။

အဆိုပါ ပြစ်မှုကျူးလွန်သူဟာ သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု လွယ်ကျိုင်း (လွႆၵႅင်း) ကျေးရွာနေ အသက် ၂၃ နှစ်အရွယ် စိုင်းစံ ဆိုသူ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက် နေ့လယ်ပိုင်းမှာ စိုင်းစံဆိုသူက ညီမဝမ်းခွဲတော်စပ်သူကို ရွာပြင်သို့ အလည်သွားဖို့ အကြောင်းပြ၍ ခေါ်ဆောင်သွားခဲ့ပြီး ဘော်ကြိုကျေးရွာအုပ်စု နမ့်ဟူးနွဲ့ကျေးရွာအနီးရှိ ငှက်ပျောခြံ တစ်နေရာရောက်ချိန် အဓမ္မပြုကျင့်ခဲ့တာလို့ စိုင်းစံက ထွက်ဆိုချက်ပေးကြောင်း ဆိုပါတယ်။

အဲဒီနောက် လူမဆန်စွာ လည်ပင်းညှစ်သတ်ပြီး၊ ပုလင်းကွဲဖြင့် လည်ပင်း၊ ဝမ်းဗိုက်တို့ကို အကြိမ်ကြိမ် ထိုးသတ်ကာ အလောင်းကို ငှက်ပျောပင်အောက် စွန့်ပစ်ထားခဲ့ကြောင်း ဆိုပါတယ်။

ဇွန်လ (၂၅) ရက်မှာ ကျူးလွန်ခံရသူ အမျိုးသမီးငယ်ရဲ့ မိဘတွေက SSPP ထံ သွားရောက်တိုင်ကြားခဲ့ပြီး ညနေပိုင်းမှာပဲ ပြစ်မှုကျူးလွန်သူ စိုင်းစံကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ပြစ်မှုကျူးလွန်သူ တရားခံကို ဆက်လက်စုံစမ်းစစ်ဆေးပြီး ၎င်းကို တရားဥပဒေနဲ့အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမယ်မလို့ SSPP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

related posts

Leave a Comment