Home » ဗန်းမောက်မြို့ စက်တောကျေးရွာသို့ စစ်ရှောင်ပြည်သူတွေကို ပြန်လည်နေထိုင်ခွင့်ပြု

ဗန်းမောက်မြို့ စက်တောကျေးရွာသို့ စစ်ရှောင်ပြည်သူတွေကို ပြန်လည်နေထိုင်ခွင့်ပြု

by Homeland Author

စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဗန်းမောက်မြို့နယ် စက်တောကျေးရွာအတွင်းသို့ ဒေသခံပြည်သူလူထုများကို ရွာအတွင်း ဒီနေ့ ဇွန်လ ၂၅ ရက်နေ့မှစ၍ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ပြန်လည်နေထိုင်ခွင့် ပြုလိုက်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“မိုးတွင်းကာလမှာ ဒေသခံပြည်သူတွေ လယ်ယာလုပ်ငန်းခွင်တွေမှာ ပြန်လည်ပြီး လုပ်ကိုင်နိုင်ဖို့နဲ့ တောထဲ တောင်ထဲတွေမှာ စစ်ဘေးရှောင်နေကြရတော့ ကျန်းမာရေး အခက်အခဲတွေ ရှိလာနိုင်တယ်၊ ကိုယ်ရပ်ကိုယ့်ရွာဆိုတော့ အဆင်ပြေပြေနေလို့ရတယ်၊ ဘေးကင်းလုံခြုံမှုတွေလည်း ပြန်လည်အဆင်ပြေပြီဆိုတော့ SNA ဘက်က ပြန်ဝင်ခွင့် ပြုလိုက်တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စက်တောရွာမှာ အရှေ့ကုန်းရပ်ကွက်၊ အလယ်ကုန်းရပ်ကွက်၊ ပင်တိုက်ရပ်ကွက်နဲ့ စီးကုန်းရပ်ကွက် ရပ်ကွက် ၄ ရပ်ကွက်ရှိပြီး လက်ရှိ ပြန်လည်ဝင်ရောက်တဲ့ အိမ်ထောင်စု ၁၁၁ စု၊ ပြန်လည်ဝင်ရောက်တဲ့ လူဦးရေ ကျား ၁၂၆ ဦး၊ မ ၁၉၅ ဦး စုစုပေါင်း ၃၂၁ ဦး ပြန်လည်ဝင်ရောက်နေထိုင်ကြပြီ ဖြစ်ကြောင်း သိရပါတယ်။

related posts

Leave a Comment