Home » SSPP ကို အခြားလက်နက်ကိုင်တွေနဲ့ မပူးပေါင်းဖို့ NSPNC ပြော

SSPP ကို အခြားလက်နက်ကိုင်တွေနဲ့ မပူးပေါင်းဖို့ NSPNC ပြော

by Homeland Author

နယ်မြေတည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမယ့် အခြားလက်နက်ကိုင်အဖွဲ့တွေ နဲ့ ပူးပေါင်းပါဝင်ပါတ်သက်မှု မရှိစေရေး နှစ်ဖက်ထိန်းသိမ်းဆောင်ရွက်သွားဖို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ပြောဆိုဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ၊ ဇွန်လ ၁၂ ရက်နေ့က နေပြည်တော် NSPNC နဲ့ SSPP တို့ ငြိမ်ချမ်းရေး တွေ့ဆုံဆွေးနွေးစဉ် NSPNC ဘက်က ပြောကြားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ တွေ့ဆုံဆွေးနွေးပွဲကို SSPP ဘက်မှ ဒုတိယဉက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ခွန်ဆိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ပြီး NSPNC ဘက်မှ ဉက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးရာပြည့်နဲ့ အတွင်းရေးမှူးဒုဗိုလ်ချုပ်ကြီး မင်းနိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြတာပါ။

related posts

Leave a Comment