Home စစ်ရေး ပန်ဆောင်မှာ နာဂတပ်အချင်းချင်း တိုက်ပွဲဖြစ်ပြီး သေဆုံးမှုရှိ

ပန်ဆောင်မှာ နာဂတပ်အချင်းချင်း တိုက်ပွဲဖြစ်ပြီး သေဆုံးမှုရှိ

by Homeland Author

စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့နယ်မှာ နာဂတပ်ဖွဲ့တွေဖြစ်ကြတဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင် (NSCN-K/AM) နဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင် (NSCN-K/YA)တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပန်ဆောင်မြို့နယ် ခမ္မတိုင်ကျေးရွာမှာ ဒီနေ့မနက် ၅ နာရီအချိန်ခန့်က ခမ္မတိုင်ဘုရားကျောင်းအနီးမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ Naga News က ဖော်ပြပါတယ်။

အဲဒီ တိုက်ပွဲအတွင်း အမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင် (NSCN-K/AM) ဖက်က ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုတွေလည်း ရှိနေကြောင်း ဆိုပါတယ်။

အိန္ဒိယ – မြန်မာနယ်စပ်မှာရှိတဲ့ ပန်ဆောင်ဒေသကို အခုလ ဇန်နဝါရီ ၁ ရက်နေ့မှစ၍ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင် (NSCN-K/AM) က အခြေစိုက်လှုပ်ရှားလာတယ်လို့ သိရပါတယ်။

အဲဒီနောက် နာဂလက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖြစ်တဲ့ NSCN-K/AM နဲ့ NSCN-K/YA တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားလာခဲ့တာပဲ ဖြစ်ပါတယ်။

အလားတူ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကလည်း နန်းယွန်းမြို့နယ်၊ ဟာဝါးရွာကျေးရွာမှာ NSCN-K/AM တပ်စခန်း နဲ့ ဂိတ်တွေ တိုးချဲ့လုပ်ဆောင်လာတာကြောင့် နှစ်ဖက် စစ်ရေးတင်းမာမှုတွေ ရှိခဲ့ပါတယ်။

related posts

Leave a Comment