Home ရိုးရာဓလေ့ တိုင်းခမ်းတီ ခေတ်သစ်စာပေပညာရှင် စောနွဲ့ထွန်းနိုင် ကွယ်လွန်

တိုင်းခမ်းတီ ခေတ်သစ်စာပေပညာရှင် စောနွဲ့ထွန်းနိုင် ကွယ်လွန်

by Homeland Author

တိုင်းခမ်းတီ (ခမ်းတီရှမ်း) လူမျိုးတို့ရဲ့ ခေတ်သစ်စာပေပညာရှင် စောနွဲ့ထွန်းနိုင် ဟာ ၂၀၂၅ ခုနှစ်၊ ဧပြီ ၆ ရက်မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

အသက် ၆၅ အရွယ် ဦးစောနွဲ့ထွန်းနိုင်ဟာ တိုင်းခမ်းတီ ခေတ်သစ်စာပေပညာရှင်အပြင် ခမ်းတီရှမ်းတို့ရဲ့ ရိုးရာယဉ်ကျေးမှု ဦးဆောင်လမ်းပြတွေထဲက တစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။

စောနွဲ့ထွန်းနိုင် ကွယ်လွန်မှုဟာ တိုင်းခမ်းတီတို့အတွက်သာမက သံလမ်းရိုးတစ်လျှောက်ရှိ ရှမ်းလူမျိုးတို့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်တယ်လို့ ဆိုပါတယ်။

ဦးစောနွဲ့ထွန်းနိုင်ဟာ ခေတ်သစ်တိုင်းခမ်းတီစာပေ တစ်မူတည်းဖြစ်ပေါ်လာရေး ဦးဆောင်ကြိုးပမ်းခဲ့သူတစ်ဦးဖြစ်ပြီး တိုင်းခမ်းတီ လူမျိုးတို့ရဲ့ စာပေနှင့်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သူလို့လည်း သိရပါတယ်။

မြန်မာနိုင်ငံ နဲ့ အိန္ဒိယ နိုင်ငံရှိ တိုင်းခမ်းတီမျိုးနွယ်စုတွေကို ပေါင်းစည်းနိုင်ရေးအတွက် ကြိုးပမ်းခဲ့သူ ဖြစ်သလို သံလမ်းရိုးတစ်လျှောက် ရှမ်းနီအပါအဝင် ရှမ်းမျိုးနွယ်စုတွေကို လူမျိုးရေး နဲ့ နိုင်ငံရေး အသိပညာဖွင့်ပေးသူတွေထဲက ဦးဆောင်ပါဝင်ခဲ့သူဖြစ်တယ်လို့ ရှမ်းနီအသံက ဖော်ပြပါတယ်။

ဧပြီ ၆ ရက် ညနေ ၆ နာရီခွဲကျော် မြစ်ကြီးနားမြို့မှာ ကွယ်လွန်ခဲ့ပြီး ရုပ်အလောင်းကို ဦးစောနွဲ့ထွန်းနိုင်ရဲ့ ဇာတိ မိုးကောင်းမြို့နယ် ညောင်ကုန်းကျေးရွာသို့ သယ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

related posts

Leave a Comment