Home » KNU၊ NUG တပ်စခန်းအပါအဝင် စခန်း ၂၈ ခု သိမ်းပိုက်ဟု စစ်တပ် ထုတ်ပြန်

KNU၊ NUG တပ်စခန်းအပါအဝင် စခန်း ၂၈ ခု သိမ်းပိုက်ဟု စစ်တပ် ထုတ်ပြန်

by Homeland Author

မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီး နယ်စပ်ဒေသတစ်ဝိုက်မှာ အခြေပြုလှုပ်ရှားနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အထူးတိုင်းစစ်ဌာနအပါအဝင် စခန်းပေါင်း ၂၈ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်တပ်က မနေ့က နိုဝင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အလားတူ ပြီးခဲ့တဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်မှာလည်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ နဲ့ တပ်မဟာ ၃ နယ်မြေအစပ်မှာရှိတဲ့ NUG အထူးတိုင်းစစ်ဌာနချုပ်အပါအဝင် စခန်း ၁၁ ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ စစ်တပ်က သတင်းထုတ်ပြန်ထားပါတယ်။

တစ်ဖက်မှာလည်း NUG ရဲ့ တပ်စခန်းတွေကို သိမ်းပိုက်ရရှိတယ်လို့ စစ်တပ်က ထုတ်ပြန်တာဟာ ဝါဒဖြန့်ချိမှုသက်သက်သာဖြစ်ပြီး NUG အထူးတိုင်းစစ်ဌာနချုပ်ဟာ ရွေ့လျားဌာနချုပ်ဖြစ်ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က မီဒီယာတွေမှာ ပြောကြားထားပါတယ်။

related posts

Leave a Comment