Home » ကလေးဝ-ယာကြီး-မုံရွာ လမ်းကြောင်း ထိန်းချုပ်နိုင်ရေး စစ်တပ် ထိုးစစ်ဆင်

ကလေးဝ-ယာကြီး-မုံရွာ လမ်းကြောင်း ထိန်းချုပ်နိုင်ရေး စစ်တပ် ထိုးစစ်ဆင်

by Homeland Author

ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေ စိုးမိုးထိန်းချုပ်ထားတဲ့ ကလေးဝ-ယာကြီး-မုံရွာ လမ်းကြောင်းကို ပြန်လည်ထိန်းချုပ် ဖွင့်လှစ်နိုင်ရေးဟုဆိုကာ စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သတင်းထုတ်ပြန်လာပါတယ်။

မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးလမ်းပိုင်းတစ်ခုအပါအဝင်ဖြစ်တဲ့ ကလေးဝ-ယာကြီး-မုံရွာ လမ်းကြောင်းတစ်လျှောက် ပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ရေး ၂၀၂၆ ခုနှစ် ဇွန် ၂ ရက်မှစတင်ပြီး စစ်ကြောင်းခွဲကာ ထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။

ဇွန် ၂ ရက်က စတင်ခဲ့တဲ့ အဲဒီစစ်ကြောင်းဟာ ရေလယ်ကျွန်းကျေးရွာ၊ ကျောက်လုံးကြီး တဲစုကျေးရွာ၊ ချောင်းမကျေးရွာ၊ အောင်မင်္ဂလာကျေးရွာ၊ သစ်ရာပင်လမ်းဆုံ၊ သစ်ရာပင်ကျေးရွာ၊ ဝင်းကုန်းကျေးရွာ၊ ညောင်ပင်လယ်ကျေးရွာ၊ ယာကြီးကျေးရွာ၊ ကွမ်းပင်ရေ၊ လာပို့ကျေးရွာ၊ စစ်လင်းချောင်း၊ ထုံးကြီးကျေးရွာတို့ကို အဆင့်ဆင့်ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက် ဇွန် ၂၃ ရက်မှာ ကျော်ကျေးရွာသို့ရောက်ရှိပြီး ကျေးရွာရှိ လခရတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ ကျေးရွာတစ်ဝိုက် လုံခြုံရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

related posts

Leave a Comment