ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းတင်အောင်ကို ကချင်ပြည်နယ် ရှမ်းအမျိုးသမီးများအဖွဲ့ နန်းယိင်းတိုင်းအသင်းက လက်ဆောင်ပန်းခြင်းတွေနဲ့အတူ မနေ့က မေလ ၃ ရက်နေ့မှာ လာရောက်ဂါရဝပြုခဲ့ကြတယ်လို့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ထုတ်ပြန်ခဲ့ပါတယ်။
ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းတင်အောင်မှလည်း နှုတ်ခွန်းဆက် မင်္ဂလာဆုမွန်တောင်းပေးခဲ့ကြောင်း နဲ့ မိမိတတ်နိူင်တဲ့ဖက်မှ အကူအညီပေးဖို့ အသင့်ရှိကြေင်း ပြောပါတယ်။
စိုင်းတင်အောင်ဟာ ဗန်းမော်ဇာတိဖြစ်ပြီး ဗန်းမော်ဟာ စစ်ဘေးစစ်ဒဏ်ကြောင့် ၎င်းမိသားစုနေအိမ်ဟာလည်း ပြာပုံအတိဖြစ်ခဲ့ရကြောင်း ပြောပါတယ်။
မိမိတို့ ရှမ်းတိုင်းရင်းသားအရေးအတွက် စစ်ဘေးရှောင်ရင်း အမျိုးသားရေးတာဝန်ထမ်းဆောင်ဖို့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံဖြိုးတိုးတက်ရေးပါတီ (TNDP) ပါတီကနေ ရွေးကောက်ပွဲဝင်ပြိုင်ပြီး အနိူင်ရရှိကာ စိုင်းတင်အောင်ဟာ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးဖြစ်လာခဲ့တာလို့ သိရပါတယ်။


