Home » ရွှေပြည်အေးအနီး KIA/PDF တပ်စခန်း ၁ ခု SNA သိမ်းပိုက်ဟု ဆို

ရွှေပြည်အေးအနီး KIA/PDF တပ်စခန်း ၁ ခု SNA သိမ်းပိုက်ဟု ဆို

by Homeland Author

စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့အနီး ဂွေးတောက်ကုန်းကျေးရွာအုပ်စု တီလောင်ကျေးရွာအနီးမှာရှိတဲ့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ လက်အောက်ခံအဖွဲ့တို့ရဲ့ စခန်းတစ်ခုကို ဇွန်လ ၁၅ ရက်နေ့က ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ထပ်မံသိမ်းပိုက်လိုက်တယ်လို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အဲဒီ တိုက်ပွဲအတွင်း KIA လက်အောက်ခံတပ်ဖွဲ့တို့ရဲ့ လက်နက်ခဲယမ်း နဲ့ ဆက်စပ်ပစ္စည်းအချို့ သိမ်းပိုက်ရမှုအခြေအနေကိုတော့ ထုတ်ပြန်လာတဲ့ မှတ်တမ်းဓာတ်ပုံအရ သိရပါတယ်။

အလားတူ ပြီးခဲ့တဇွန်လ ၄ ရက်နေ့ကလည်း SNA တပ်မဟာ ၈၉၁၊ တပ်ရင်း (၂) အခြေစိုက်ထားတဲ့ တီလောင်တပ်စခန်းရဲ့ တောင်ဖက်က KIA လက်အောက်ခံတပ်ဖွဲ့တို့ရဲ့ တပ်စခန်း ၅ ခုကို SNA က ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း တပ်စခန်း ၅ ခုကို တစ်ရက်အတွင်း သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက် ၃ လက်၊ ခဲယမ်းအချို့နဲ့ အလောင်း ၂ လောင်းကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

related posts

Leave a Comment