28



သတင်းဓါတ်ပုံ
ထိုင်းအစိုးရမှ ထိုင်းတော်ဝင်ကြည်းတပ်ရဲ့ အထူးတပ်ဖွဲ့ဝင် ၅၅ ဦးကို လူသားချင်းစာနာထောက်ထားမှုနဲ့ လာရောက်ကူညီဖို့ မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သဘာဝဘေးဒဏ်ကို လူသားချင်းစာနာမှုဖြင့် ကူညီလိုခြင်း၊ နေပြည်တော် နဲ့ မန္တလေးရှိ အန္တရာယ်ကျရောက်နေတဲ့ ထိုင်းလူမျိုးတွေကို သွားရောက်ကယ်ဆယ်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။
အထူးတပ်ဖွဲ့မှာ စီမံခန့်ခွဲရေးအဖွဲ့၊ စစ်ဗိုလ်တွေပါဝင်တဲ့အဖွဲ့၊ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့၊ အရေးပေါ်ကူညီနိုင်ဖို့ ဆေးအဖွဲ့ ပျက်စီးဆုံးရှုံးမှုတွေကို စစ်ဆေးရေးအဖွဲ့နဲ့ ဆက်သွယ်ရေးအဖွဲ့တို့ ပါဝင်တယ်လို့ သိရပါတယ်။


