Home » တော်လှန်ရေးအဖွဲ့ဝင် ၃၀၀ ကျော် အလင်းဝင်ဟု စစ်တပ် ထုတ်ပြန်

တော်လှန်ရေးအဖွဲ့ဝင် ၃၀၀ ကျော် အလင်းဝင်ဟု စစ်တပ် ထုတ်ပြန်

by Homeland Author

တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးမှ တပ်ဖွဲ့ဝင် ၃၀၃ ဦးဟာ လက်နက်၊ ခဲယမ်းတွေနဲ့ ဥပဒေဘောင်အတွင်း ဝင်ရောက်လာတယ်လို့ စစ်တပ်က ဩဂုတ် ၁ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံပြီး လက်နက်ကို်င ဆန့်ကျင်လျက်ရှိတဲ့ အဖွဲ့အစည်းအတွင်း ရောက်ရှိနေသူတွေကို ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ဖို့ ဖိတ်ခေါ်ခဲ့တာကြောင့် အခုလို ဝင်ရောက်လာတာလို့ ဖော်ပြထားပါတယ်။

ဒါကြောင့် KIA၊ KNU၊ AA၊ ABSDF၊ SAFနဲ့ PDF စတဲ့ အဖွဲ့အစည်း အသီးသီးမှ အဖွဲ့ဝင် အမျိုးသား ၂၈၀ ဦး နဲ့ အမျိုးသမီး ၂၃ ဦး စုစုပေါင်း ၃၀၃ ဦး ဝင်ရောက်လာတယ်လို့ ဆိုပါတယ်။

အဆိုပါ အလင်းဝင်ရောက်လာသူတွေကို ဩဂုတ် ၁ ရက်နေ့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရန်အောင်မြင် ခန်းမမှာ မိဘအုပ်ထိန်းသူတွေထံ ပြန်လည်လွှဲပြောင်းအပ်နှံတဲ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်ရောက်လာသူတွေနဲ့အတူ MA -1 အမျိုးအစား သေနတ် ၂ လက်၊ MA – 2 အမျိုးအစား သေနတ် ၁ လက်၊ MA – 3 အမျိုးအစား သေနတ် ၁ လက်၊ MA – 4 အမျိုးအစား သေနတ် ၁ လက်၊ M – 22 အမျိုးအစား သေနတ် ၁ လက်၊ Type 81 အမျိုးအစား ၂ လက်၊ ပွိုင့် ၂၂ အမျိုးအစား ၁ လက်၊ လက်လုပ်သေနတ် ၁ လက်၊ စုစုပေါင်း လက်နက်မျိုးစုံ ၁၀ လက်၊ ကျည်အိမ်မျိုးစုံ ၁၇ ခု၊ ကျည်မျိုးစုံ ၆၇၈ တောင့်၊ လက်ပစ်ဗုံးမျိုးစုံ ၁၂ လုံး ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့ကလည်း အာရက္ခတပ်တော်ရဲ့ တပ်ဖွဲ့ဝင် ၂၀ အပါအဝင် တော်လှန်ရေးတပ်ဖွဲများက တပ်ဖွဲ့ဝင် စုစုပေါင်း ၃၂ ဦး အလင်းဝင်ရောက်လာတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

AA တပ်ဖွဲ့ဝင်တွေဟာ လက်နက်ချပြီး စစ်တပ်ထံ အလင်းဝင်ရောက်တယ်ဆိုတာ မဟုတ်မှန်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက မီဒီယာတွေထံ တုံ့ပြန်ပြောကြားထားပါတယ်။

related posts

Leave a Comment