Home » SNA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၁၃ ဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ဟု ပြော

SNA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၁၃ ဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ဟု ပြော

by Homeland Author

ရှမ်းနီအမျိုးသားများတပ်မတော် (SNA) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAO) အဖွဲ့ ၁၃ ဖွဲ့နဲ့ ငြိမ်းချမ်းရေး ‌တွေ့ဆုံဆွေးနွေးနိုင်ခဲ့သည်ဟု ဦးမင်းအောင်လှိုင်က ပြောပါတယ်။

ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ ဧပြီ ၂၀ ရက်နေ့မှ ဇူလိုင် ၃၁ ရက်အထိ ရက် ၁၀၀ စီမံချက်အဖြစ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) တွေကို ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ခဲ့ပါတယ်။

ဒီနေ့ ဇူလိုင်လ (၃၁) ရက်နေ့၊ ရက် (၁၀၀) ပြည့်ခဲ့ပြီဖြစ်ပြီး ဦးမင်းအောင်လှိုင်က နိုင်ငံတော်အခြေပြ မိန့်ခွန်းပြောကြားရာမှာ အခုလို ထည့်သွင်းပြောကြားသွားတာ ဖြစ်ပါတယ်။

ဦးမင်းအောင်လှိုင်က “NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေနဲ့ မထိုးရသေးတဲ့ အဖွဲ့တွေအားလုံး မည်သည့် ကြိုတင်ကန့်သတ်ချက်ကိုမှ မထားဘဲ တွေ့ဆုံဆွေးနွေးကြဖို့ EAO တွေကို ငြိမ်းချမ်းရေးအတွက် ထပ်မံဖိတ်ခေါ်ခဲ့ပါတယ်။ ဒါကြောင့်မို့လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၃ ဖွဲ့တို့နဲ့ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။

related posts

Leave a Comment