43










ထိုင်းဘုရင်ရာမ (၉) ရဲ့ (၉)နှစ်ပြည့် နတ်ပြည်စံနေ့ အခမ်းအနားကို ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA)၊ စစ်ဒေသ-၁ (လွိုင်ကော်ဝမ်း) ရဲ့ တပ်မှူးကြီးစဝ်ကွမ်းစင်က ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဆိုပါ အခမ်းအနားကို လွိုင်ကော်ဝမ်း နဲ့ လွယ်ကော်မိန်းမှ တပ်ဖွဲ့ဝင်တွေ အပါအဝင် ဒေသခံ တိုင်းရင်းသား ပြည်သူလူထု တစ်ထောင်နီးပါး တက်ရောက်ဂါရဝပြုခဲ့ကြတယ်လို့ သိရပါတယ်။









