စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့နယ် ကြောင်လည်ကျေးရွာမှာ PDF တပ်ဖွဲ့ဝင် ၃ ဦး ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) တပ်မဟာ ၆၁၄ ထံ အလင်းဝင်လာတယ်လို့ သိရပါတယ်။
ဒီနေ့ အောက်တိုဘာ ၂၃ ရက် မနက်ပိုင်းမှာ လာရောက် အလင်းဝင်တာဖြစ်ပြီး ၎င်းတို့နဲ့အတူ လက်နက်ခဲယမ်းတွေလည်း ယူဆောင်လာခဲ့ကြောင်း၊ အလင်းဝင်လာသူတွေကို ကောင်းမွန်စွာ ထားရှိထားတယ်လို့ ဆိုပါတယ်။
အလားတူ ၂၀၂၅ ခုနှစ် ဇွန်လအတွင်းကလည်း PDF တပ်ဖွဲ့ဝင် ၃ ဦး SNA ထံ အလင်းဝင်ခဲ့ပြီး တစ်ဦးကို ငွေကျပ် ၁၀ သိန်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့က ဗန်းမောက်မြို့နယ် ကြောင်လည်ကျေးရွာအနီးရှိ စခန်းကုန်းတစ်ခုကို SNA က ပြန်လည်သိမ်းပိုက်လိုက်ပြီး ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ပူးပေါင်းအဖွဲ့မှ အလောင်း ၅ လောင်း နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဗန်းမောက်မြို့အနီးရှိ စက်တော၊ ခမိုးကျေးရွာတွေကိုလည်း SNA က ပြန်လည်သိမ်းပိုက်ထိန်းချုပ်ထားပြီး လက်ရှိမှာ ဗန်းမောက်မြို့အနီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။