Home စစ်ရေး ဗန်းမောက်မှာ စခန်းကုန်းတစ်ခု၊ အလောင်း ၅ လောင်း နဲ့ လက်နက်အချို့ SNA သိမ်း

ဗန်းမောက်မှာ စခန်းကုန်းတစ်ခု၊ အလောင်း ၅ လောင်း နဲ့ လက်နက်အချို့ SNA သိမ်း

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ် ကြောင်လည်ကျေးရွာအနီးရှိ စခန်းကုန်းတစ်ခုကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က မနေ့က အောက်တိုဘာ ၁၄ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်မှာ ပြန်လည်သိမ်းပိုက်လိုက်တယ်လို့ SNA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အဆိုပါ စခန်းကုန်းနဲ့အတူ ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ PDF၊ KaDu Army အလောင်း ၅ လောင်းလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ပြောပါတယ်။

“ကြောင်လည်ရွာအနီးက ၅၇၁ စခန်းကုန်း SNA ပြန်သိမ်းတိုက်တယ်၊ ညနေ ၆ နာရီလောက်မှာ သိမ်းလိုက်တာ၊ ရန်သူ အလောင်း ၅ လောင်း နဲ့ သေနတ် သုံးလက်ရတယ်” လို့ ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကံရွာအနီးရှိ KIA၊ PDF၊ KaDu Army စခန်းကုန်းတစ်ခုကို SNA က သိမ်းပိုက်လိုက်သလို ဗန်းမောက်မြို့အနီးရှိ စက်တော၊ ခမိုးကျေးရွာတွေကိုလည်း ပြန်လည်သိမ်းပိုက်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့ကစ၍ ဗန်းမောက်မြို့သိမ်းတိုက်ပွဲကို KIA၊ PDF၊ KaDu Army တို့က ဖော်ဆောင်ခဲ့ကြပြီး SNA ထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့နယ်အနောက်ခြမ်းတွေပါ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် SNA ဖက်က ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နေရာအများစုကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကာ လက်ရှိမှာလည်း ဗန်းမောက်မြို့အနီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

အဆိုပါ KIA၊ PDF၊ KaDu Army တို့ ဖော်ဆောင်တဲ့ မြို့သိမ်းတိုက်ပွဲကြောင့် ဗန်းမောက်မြို့ခံတွေအပါအဝင် ကျေးရွာအများစုရှိ ဒေသခံတွေဟာ ဘေးကင်းရာသို့ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

related posts

Leave a Comment