Home » ဗန်းမောက်မှာ Grade-9 နဲ့ Grade-5 စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ဗန်းမောက်မှာ Grade-9 နဲ့ Grade-5 စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းတွေမှာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် Grade-9 နဲ့ Grade-5 စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၂၀ ရက်မှာ မင်းကုန်း အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဲဒီအလုပ်ရုံဆွေးနွေးပွဲမှာ Grade-9 နဲ့ Grade-5 အတန်းတွေရဲ့ ဘာသာရပ်အလိုက် အုပ်စုခွဲပြီး ဆွေးနွေးခဲ့ကြသလို ဗန်းမောက်မြို့နယ်အတွင်းရှိ ဆရာ၊ ဆရာမ စုစုပေါင်း ၁၈၉ ဦး တက်ရောက်ခဲ့ကြပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့ ဆရာ၊ ဆရာမတွေအတွက် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်မဟာ (၆၁၄) က အလုပ်ရုံဆွေးနွေးပွဲ ကုန်ကျစရိတ်တွေနဲ့ နေ့လယ်စာ ထမင်းဟင်းတွေကို ထောက်ပံ့ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

related posts

Leave a Comment