Home » ဗန်းမောက်ကျောင်းသားတွေ TC လက်မှတ်ကြန့်ကြာ၍ ကျောင်းတက်ဖို့ အခက်တွေ့

ဗန်းမောက်ကျောင်းသားတွေ TC လက်မှတ်ကြန့်ကြာ၍ ကျောင်းတက်ဖို့ အခက်တွေ့

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့နယ်မှ ကျောင်းပြောင်းလာတဲ့ ကျောင်းသား/ကျောင်းသူတွေဟာ ကျောင်းပြောင်းလက်မှတ် (TC) မရရှိနိုင်သေးတာကြောင့် ကျောင်းအပ်ရတာ ခက်ခဲမှုတွေ ရှိနေကြတယ်လို့ သိရပါတယ်။

ဗန်းမောက်မြို့နယ်မှ ဟုမ္မလင်းမြို့နယ်သို့ ကျောင်းပြောင်းလာတဲ့ ကျောင်းသား/ကျောင်းသူတွေဟာ ကျောင်းပြောင်းလက်မှတ် ရရှိဖို့ ခက်ခဲနေတာကြောင့် ကျောင်းမတက်ရပဲ ကြန့်ကြာနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဗန်းမောက်ဒေသခံ တစ်ဦးက “အရင်ကဆို TC မပါသေး မရသေးရင်လဲ ယာယီ ကျောင်းတက်လို့ရတယ်။ ခုဟာက ပေးမတက်စေဘူးတဲ့လေ။ ဒီဘက် ဗန်းမောက်ဘက်ကလဲ TC လက်မှတ် သွားတောင်းတော့ TC လက်မှတ် အဟောင်းတွေကို နေပြည်တော်က ပို့လိုက်ရတယ်တဲ့။ စနစ်အပြောင်းအလဲကြား TC ဖောင်ပုံစံသစ်ကလဲ ကျောင်းကို ရောက်မလာသေးတော့ ကျောင်းအုပ်ကြီးကလဲ ကျောင်းပြောင်းလက်မှတ်က ထုတ်မပေးတတ်ဘူးဖြစ်နေတယ်။” လို့ ပြောပြပါတယ်။

လက်ရှိမှာ ကျောင်းပြောင်းလက်မှတ် ရရှိဖို့ခက်ခဲတာကြောင့် ကျောင်းအုပ်ကြီးရဲ့ထောက်ခံစာနဲ့ပဲ ကျောင်းသား/သူ များကို ယာယီကျောင်းအပ်လက်ခံပြီး ကျောင်းတက်ခွင့်ပေးဖို့ စီစဉ်ခဲ့ရတယ်လို့ ဆိုပါတယ်။

related posts

Leave a Comment