9






စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဗန်းမောက်မြို့နယ်အတွင်း ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်မဟာ ၆၁၄ မှ တာဝန်ရှိသူတွေက ကျောင်းသား/ကျောင်းသူ ၇၄ ဦးကို ကျောင်းထားပေးခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ကျောင်းအပ်ပွဲမှာ ကျောင်းသား/ကျောင်းသူ G -12 အဆင့်ရှိ ကျောင်းသား/ကျောင်းသူ ၁၁ ဦး၊ G -11 အဆင့်ရှိ ကျောင်းသား/ကျောင်းသူ ၁၂ ဦး၊ G -10 အဆင့်ရှိ ကျောင်းသား/ကျောင်းသူ ၁၈ ဦး၊ G -09 အဆင့်ရှိ ကျောင်းသား/ကျောင်းသူ ၁၅ ဦး၊ G -08 အဆင့်ရှိ ကျောင်းသား/ကျောင်းသူ ၁၁ ဦး၊ G -07 အဆင့်ရှိ ကျောင်းသား/ကျောင်းသူ ၇ ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ ၇၄ ဦး ရှိကြောင်း သိရပါတယ်။





