သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အစပိုင်းမှာ စစ်တပ်နဲ့ အငြင်းပွားဖွယ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က စစ်တပ်ကို ပွင့်ပွင့်လင်းလင်း ပြစ်တင်ဝေဖန်တဲ့ဘက်ကို ပြောင်းလဲလာတယ်လို့ ဥပဒေအထောက်အကူပြုကွန်ရက် (Legal Aid Network) က …
အိန္ဒိယ ဝန်ကြီးချုပ် မိုဒီရဲ့ဖိတ်ကြားချက်အရ ဦးမင်းအောင်လှိုင်ဟာ သမ္မတရာထူးယူပြီးတဲ့နောက် သူ့ရဲ့ ပထမဆုံးပြည်ပခရီးစဥ်အဖြစ် အိန္ဒိယနိုင်ငံကို ၅ ရက်တာ သွားရောက်ခဲ့ပြီး ဇွန်လ ၃ ရက်မှာ နေပြည်တော်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ လေဆိပ်မှာ ပြည်တွင်းအခြေစိုက်မီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာတော့ ခရီးစဉ်အတွင်း ဗုဒ္ဓဂါယာကို သွားရောက်ခဲ့ပြီး တိုင်းပြည်အေးချမ်းဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ပြည်သူတွေ ကိုယ်စိတ်နှလုံး ချမ်းမြေ့စွာ လုပ်ကိုင်စားသောက်နိုင်ဖို့ ဆုတောင်းပေးခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ …