စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပင်လည်ဘူးဒေသ တုံးမွန်းကျေးရွာမှာ ရှမ်းနီတိုင်းရင်းသားတွေ စုပေါင်းပြီး ရှမ်းနီရိုးရာ ဆရာကန်တော့ပွဲကို သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ရှမ်းနီတိုင်းရင်းသားတွေရဲ့ “ပွႆးဢွၵ်ႇဝႃႇ” လို့ခေါ်တဲ့ ဆရာကန်တော့ပွဲဟာ ဝါလကင်းလွတ် သီတင်းကျွတ်ကာလမှာ ကျင်းပလေ့ရှိတဲ့ ရိုးရာဓလေ့တစ်ခုဖြစ်ပါတယ်။ အဆိုပါ ရိုးရာပွဲတော်ကို ရှမ်းနီတိုင်းရင်းသားတွေ နေထိုင်ရာ …
ဗန်းမော်မြို့နယ်အတွင်းမှာ စစ်တပ်နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ပူးပေါင်းမဟာမိတ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။ ဗန်းမော်မြို့နယ်အတွင်းက စင်းခန်းနဲ့ ဇင်းဘုံတို့မှာ တိုက်ပွဲပြင်းထန်နေကြောင်း၊ အဆိုပါ နေရာတွေမှာ ဆက်လက်ပြီး တိုက်ပွဲပြင်းထန်နိုင်ကြောင်း စစ်ဘက်ရေးရာ ဝေဖန်သုံးသပ်သူ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။ “အခု ဗန်းမော်တပ်နယ်ထဲကို ဝင်သွားတာ အင်အား ၆၀၀ လောက်ရှိတယ်လို့ ကျနော်တို့ ထောက်လှမ်းသိရှိရပါတယ်။ အခုလက်ရှိ …