စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပင်လည်ဘူးဒေသ တုံးမွန်းကျေးရွာမှာ ရှမ်းနီတိုင်းရင်းသားတွေ စုပေါင်းပြီး ရှမ်းနီရိုးရာ ဆရာကန်တော့ပွဲကို သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ရှမ်းနီတိုင်းရင်းသားတွေရဲ့ “ပွႆးဢွၵ်ႇဝႃႇ” လို့ခေါ်တဲ့ ဆရာကန်တော့ပွဲဟာ ဝါလကင်းလွတ် သီတင်းကျွတ်ကာလမှာ ကျင်းပလေ့ရှိတဲ့ ရိုးရာဓလေ့တစ်ခုဖြစ်ပါတယ်။ အဆိုပါ ရိုးရာပွဲတော်ကို ရှမ်းနီတိုင်းရင်းသားတွေ နေထိုင်ရာ …
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ပစ်ပယ်လိုက်တာကြောင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO/PNLA) ဟာ ပြိုကွဲသလို ဖြစ်ခဲ့ရတယ်လို့ PNLO/NCA/S ဘက်က ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။ ၂၀၂၄ ခုနှစ်မှာ PNLO တပ်ဖွဲ့ဟာ ပေါ်လစီ ပြောင်းလိုက်ပြီး NCA ကို ပစ်ပယ်ခဲ့တာကြောင့် မိမိတို့ရဲ့ ရဲဘော်တွေ ဒုက္ခရောက်ခဲ့ရသလို …