ဖားကန့်မြို့နယ်မှာ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတာကြောင့် ဒေသခံတွေ သွားလာရေးနဲ့ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ လမ်းပြင်ဆင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ ဒီဇယ်ဆီပြတ်လပ်သွားတာကြောင့် လုပ်ငန်းရပ်နားပြီး စောင့်ဆိုင်းနေရတဲ့ အခြေအနေတွေရှိနေတယ်လို့ သိရပါတယ်။ “လမ်းပြင်နေတုန်း စက်သုံးဆီပြတ်သွားလို့ စောင့်နေရတယ်။ အခု ဒီဇယ်က ရှားပြီး …
တအာင်းတပ်ဖွဲ့ (TNLA) ထိန်းချုပ်ထားတဲ့ သျှမ်းပြည်မြောက်ပိုင်း မိုင်းငေါ့ နဲ့ မိုင်လုံမြို့တို့မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်တွေ၊ အမျိုးသမီးတွေ အပါအဝင် သေဆုံးသူ ၁၂ ဦး နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးအထိရှိခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ အောက်တိုဘာလ ၈ ရက် မနက် ၁၁ နာရီ ၅ မိနစ်အချိန်မှာ မိုင်းငေါ့မြို့နယ် …