ဖားကန့်မြို့နယ်မှာ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတာကြောင့် ဒေသခံတွေ သွားလာရေးနဲ့ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ လမ်းပြင်ဆင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ ဒီဇယ်ဆီပြတ်လပ်သွားတာကြောင့် လုပ်ငန်းရပ်နားပြီး စောင့်ဆိုင်းနေရတဲ့ အခြေအနေတွေရှိနေတယ်လို့ သိရပါတယ်။ “လမ်းပြင်နေတုန်း စက်သုံးဆီပြတ်သွားလို့ စောင့်နေရတယ်။ အခု ဒီဇယ်က ရှားပြီး …
မေခ၊ မလိခဆုံရာ မြစ်ဆုံစီမံကိန်း ပြန်စနိုင်ရေးနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့ကို ရောက်ရှိနေတဲ့ ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နဲ့ ဒေသခံ ပြည်သူတွေ၊ ရပ်မိရပ်ဖတွေ၊ ဘာသာရေး အသင်းအဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းမှ ရရှိလာမယ့် အကျိုးကျေးဇူးတွေ နဲ့ အာမခံချက်တွေကို ရှင်းလင်းပြောပေးဖို့ ဒေသခံတွေကိုယ်စား ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွန်ဂျာက တောင်းဆိုခဲ့ပါတယ်။ …