ဖားကန့်မြို့နယ်မှာ စက်သုံးဆီဈေးနှုန်း မြင့်တက်နေတာကြောင့် ဒေသခံတွေ သွားလာရေးနဲ့ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ လမ်းပြင်ဆင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ ဒီဇယ်ဆီပြတ်လပ်သွားတာကြောင့် လုပ်ငန်းရပ်နားပြီး စောင့်ဆိုင်းနေရတဲ့ အခြေအနေတွေရှိနေတယ်လို့ သိရပါတယ်။ “လမ်းပြင်နေတုန်း စက်သုံးဆီပြတ်သွားလို့ စောင့်နေရတယ်။ အခု ဒီဇယ်က ရှားပြီး …
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်အတွင်းရှိ ပန်ဆောင်မြို့မှာ နာဂလက်နက်ကိုင်တပ်ဖွဲ့ တစ်ခုဖြစ်တဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင် (NSCN-K/AM) က အခြေစိုက်လှုပ်ရှားလာတယ်လို့ သိရပါတယ်။ အိန္ဒိယ – မြန်မာနယ်စပ်မှာရှိတဲ့ ပန်ဆောင်ဒေသကို အခြေစိုက်ဖို့ တာဝန်ချထားတဲ့ NSCN-K/AM ရဲ့ တပ်ဖွဲ့တစ်ခုဟာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှာ ပန်ဆောင်မြို့ကို ရောက်ရှိလာတယ်လို့ ထုတ်ပြန်ချက်အရ …