25



စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ (၁/၂၀၂၆) အခြေခံစစ်ပညာသင်တန်းမှာ ဟုမ္မလင်းမြို့နယ်အတွင်းရှိ တိုက်နယ် ၅ ခုမှ ပကဖတိုက်ခိုက်ရေးရဲဘော်တွေ၊ ရပ်ကျေးပကဖတာဝန်ခံတွေနဲ့ ခန္တီးခရိုင် ပကဖရဲဘော်တွေ စုစုပေါင်း သင်တန်းသား ၂၁၅ ဦး တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားမှာ ထူးချွန်သင်တန်းသားတွေကိုလည်း ဆုများ ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။


