စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့အနီးမှာ အင်အားအနည်းငယ်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ တိုင်းတာချက်အရ သိရပါတယ်။
ဒီနေ့ နိုဝင်ဘာ ၈ ရက်နေ့၊ မြန်မာစံတော်ချိန် မနက် ၆ နာရီ ၃၉ မိနစ် ၅၉ စက္ကန့်အချိန်မှာ တမူးမြေငလျင်စခန်းရဲ့ မြောက်-အရှေ့မြောက်ဘက် ၅၈ မိုင်ခန့်အကွာ၊ ဟုမ္မလင်းမြို့ရဲ့ တောင်-အရှေ့တောင်ဘက် ၄ မိုင်ခန့်အကွာမှာ လှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီငလျင်ဟာ ရစ်ချ်တာစကေး ၃.၅ အဆင့်ရှိပြီး မြေအောက်အနက် ၁၁၀ ကီလိုမီတာမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလားတူ ဒီနေ့ နိုဝင်ဘာ ၈ ရက်နေ့၊ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီ ၂၄ မိနစ် ၄၇ စက္ကန့်အချိန်မှာလည်း တောင်ငူမြေငလျင်စခန်းရဲ့ အနောက်တောင်ဘက် ၁၅ မိုင်ခန့်အကွာ၊ အုတ်တွင်းမြို့ရဲ့ အနောက်-အနောက်တောင်ဘက် ၁၁ မိုင်ခန့်အကွာမှာ ရစ်ချ်တာစကေး ၃.၈ အဆင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး မြေအောက်အနက် ၁၁ ကီလိုမီတာမှာ ဗဟိုပြုခဲ့တယ်လို့ သိရပါတယ်။