Home » SSPP ခေါင်းဆောင်တွေ သျှမ်းမြောက်က တပ်ဖွဲ့ဝင် ၄,၀၀၀ ကျော်နဲ့ တွေ့ဆုံ

SSPP ခေါင်းဆောင်တွေ သျှမ်းမြောက်က တပ်ဖွဲ့ဝင် ၄,၀၀၀ ကျော်နဲ့ တွေ့ဆုံ

by Homeland Author

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ရဲ့ ဗဟိုဌာနချုပ်မှ ထိပ်ပိုင်းခေါင်းဆောင်တွေဟာ သျှမ်းပြည်မြောက်ပိုင်းအတွင်းရှိ တပ်ဖွဲ့ဝင် ၄၀၀၀ ကျော်နဲ့ ပြီးခဲ့သည့် သြဂုတ်လမှစတင်ပြီး စက်တင်ဘာလကုန်အထိ ကွင်းဆင်းတွေ့ဆုံမှုတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

SSPP ဗဟိုဌာနချုပ်မှ ဒုစစ်ဦး စီးချုပ် (၂) ဒုဗိုလ်ချုပ်ကြီး စဝ်ပင်းမိန်း ဦးဆောင်ပြီး မြို့နယ်အမှတ် (၁၄) မူဆယ်မြို့နယ်နဲ့ မြို့နယ်အမှတ် (၁၂) နမ့်ခမ်းမြို့နယ်အတွင်းရှိ SSPP တပ်ဖွဲ့ဝင်တွေအနက် တပ်ရင်း (၇) ရင်းမှ တပ်ဖွဲ့ဝင် စုစု ပေါင်း ၁,၀၀၀ ကျော်နဲ့ စက်တင်ဘာလ (၂၇) ရက်နဲ့ (၂၉) ရက်နေ့ကွင်းဆင်းတွေ့ဆုံမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒုစစ်ဦးစီးချုပ် (၁) ဒုဗိုလ်ချုပ်ကြီး စဝ်ငေါင်းဖ ဦးဆောင်ပြီး ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ တစ်လကြာကာလအတွင်း သျှမ်းမြောက်ရှိ ခရိုင်အမှတ် (၇)၊ ခရိုင်အမှတ် (၈)၊ ခရိုင်အမှတ် (၁၁) နဲ့ ခရိုင်အမှတ် (၄) အတွင်းရှိ ကျောက်မဲ၊ သီပေါ၊ နမ္မတူ စတဲ့ မြို့နယ်တွေမှ နယ်မြေခံတပ်ဖွဲ့ဝင် စုစု ပေါင်း (၃,၀၀၀) ကျော်နဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

related posts

Leave a Comment