မြစ်ကြီးနားခရိုင်၊ မိုးကောင်းမြိုနယ်၊ နမ္မတီးမြိုနယ်ထဲက ကဆုန်းခကျေးရွာမှာ ကချင်လက်နက်ကိုင်အဖွဲ (KIA) က အကောက်ခွန်ရုံး လာဖွင့်တာကြောင့် တိုက်ပွဲဖြစ်ပွားလာမှာကို ဒေသခံတွေ စိုးရိမ်နေကြတယ်လို ပြောပါတယ်။
အရင်ကလည်း KIA ရဲ့ ကဆုန်းခ အခွန်ကောက်ရုံးကို လေယာဉ်နဲ့ ဗုံးတစ်ကြိမ် လာရောက်ကြဲချတာမျိုးတွေ ဖြစ်ခဲ့ဖူးတာမို့လို့ ခုလည်း တိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်နေကြတာလို ဆိုပါတယ်။
ဒေသခံတစ်ဦးက “မိုးကောင်း၊ နမ္မတီးမြို့ကနေ သွားရတဲ့ ရေအားလျှပ်စစ်လမ်းဘက်မှာ ကဆုန်းခကျေးရွာ ရှိတယ်။ တိုက်ပွဲရှောင်ခဲ့ရတဲ့ ရွာမှာ KIA တွေ လာရောက်နေထိုင်ကြတယ်။ အဲဒီမှာ ဘဏ္ဍာရေးအဖွဲရုံးတဲ့၊ မြစ်ကြီးနားခရိုင်အတွင်း ငွေအကောက်ခွန်ရုံး လာဖွင့်တာ၊ အုပ်ချုပ်ရေးရုံးတွေကလည်း ကျေးရွာကို ကာဗာလုပ်ပြီး စခန်းထိုင်နေကြတယ်” လို့ ပြောပါတယ်။
ကဆုန်းခကျေးရွာက ဒေသခံအချို့ဟာ စစ်ဘေးတိမ်းရှောင်နေကြပြီး ရွာမှာ ကျန်ခဲ့တဲ့ ရွာသားတွေရဲ့ ကျွဲ၊ နွားတွေကို KIA အဖွဲ့တွေက ပစ်ခတ် စားသောက်နေကြတယ်လို့လည်း ပြောပါတယ်။