28






မန္တလေးမြို့ကို စစ်ဘေးတိမ်းရှောင်လာကြတဲ့ ဗန်းမော်မြို့က ပြည်သူလူထုတွေကို ရှမ်းနီအမျိုးသားများတပ်မတော် (SNUC/SNA)၊ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများတိုးတက်ရေးပါတီ နဲ့ ရှမ်းနီလူမှုရေးအသင်းတို့ ပူးပေါင်းပြီး ဩဂုတ် ၉ ရက်နေ့က စားနပ်ရိက္ခာတွေ ထောက်ပံ့ကူညီပေးခဲ့ကြတယ်လို့ သိရပါတယ်။
မန္တလေး ပြည်ကြီးတံခွန်မြို့နယ်က မစိုးရိမ်တိုက်သစ် ဘုန်းတော်ကြီးကျောင်းမှာ ဗန်းမော် အိမ်ထောင်စု ၃၄၀ အတွက် တအိမ်ထောင် ငွေကျပ်တသိန်းခွဲ၊ ဆန်တအိတ်၊ ဆီတဗူး၊ ဆား တပိဿာ၊ အချိုမူန့် တပိဿာ ထောက်ပံ့ပေးခဲ့ကြတယ်လို့ သိပါတယ်။





