Home » အင်းတော်ကြီး ဟဲပန်ရွာကို KIA မီးရှို့နေဟု ပြော

အင်းတော်ကြီး ဟဲပန်ရွာကို KIA မီးရှို့နေဟု ပြော

by Homeland Author

မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ ဟဲပန်ကျေးရွာမှာ ရှမ်းနီအဖွဲ့အစည်းတွေနဲ့ ပတ်သက်ဆက်နွယ်မှုရှိတယ်ဆိုတဲ့ သံသယဖြင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) က ရှမ်းနီပြည်သူတို့ရဲ့ နေအိမ်တွေကို မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့က အင်းတော်ကြီးဒေသ လုံးတုံကျေးရွာအနီးမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားမှု ဖြစ်ပေါ်ခဲ့ပါတယ်။

အဲဒီတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုတွေရှိခဲ့သလို ယင်းမတိုင်မီ ဇူလိုင် ၂ ရက်နေ့ကလည်း လုံးတုံအနီးရှိ KIA ရဲ့ စခန်းကုန်းတွေဖြစ်တဲ့ ပတ္တမြားတောင်နဲ့ ဟိုဖာကုန်းကို SNA က သိမ်းပိုက်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

related posts

Leave a Comment