Home » နွေဦးတော်လှန်ရေး အောင်ပွဲရတဲ့အထိ ဆက်လျှောက်လှမ်းမယ်လို့ NUG ပြော

နွေဦးတော်လှန်ရေး အောင်ပွဲရတဲ့အထိ ဆက်လျှောက်လှမ်းမယ်လို့ NUG ပြော

by Homeland Author

မိမိတို့ ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးအောင်ပွဲရတဲ့အထိ ဆက်လက်လျှောက်လှမ်းပြီး စစ်အာဏာရှင်စနစ် အပြီးတိုင် အမြစ်ဖြတ်ပစ်ဖို့သာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ထုတ်ပြန်ခဲ့ပါတယ်။

ဒီနေ့ ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ (၇၉) နှစ်မြောက် အာဇာနည်နေ့ နဲ့ ပတ်သက်၍ ထုတ်ပြန်ရာမှာ ထည့်သွင်းဖော်ပြခဲ့တာဖြစ်ပြီး အာဇာနည်ဟူသည် တိုင်းပြည်နဲ့ လူမျိုးအတွက် နောက်ဆုံးအချိန်အထိ ရိုးသားစွာ အနစ်နာခံ ပေးဆပ်သွားခဲ့တဲ့ ‘စိတ်ဓာတ်’ ကြောင့်သာ ဖြစ်ကြောင်း ဆိုပါတယ်။

၁၉၄၇ ခုနှစ်က အာဇာနည်တွေကို လုပ်ကြံခဲ့တဲ့ အာဏာရူးစိတ်ဓာတ်နဲ့ ယနေ့ စစ်အာဏာရှင်စိတ်ဓာတ်ဟာ အတူတူပင် ဖြစ်ရာ၊ သမိုင်းရဲ့ အဓိကတရားခံ ရှိနေသရွေ့ ထို တိုက်ပွဲ ရပ်တန့်သွားမှာ မဟုတ်ကြောင်း ပြောပါတယ်။

အတိတ်နဲ့ ပစ္စုပ္ပန် အာဇာနည်သူရဲကောင်းတွေရဲ့ စွန့်လွှတ်ပေးဆပ်မှုအပေါ် အကောင်းဆုံး ဦးညွှတ်အသိအမှတ်ပြုတဲ့ နည်းလမ်းမှာ ယနေ့ နွေဦးတော်လှန်ရေးကို အောင်ပွဲရတဲ့အထိ ဆက်လက်လျှောက်လှမ်းပြီး စစ်အာဏာရှင်စနစ် အပြီးတိုင် အမြစ်ဖြတ်ပစ်ရန်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနေ့ ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ (၇၉) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို စစ်တပ်အပါအဝင် တော်လှန်ရေး အင်အားစုတွေလည်း ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

related posts

Leave a Comment