21
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့မှာ တိုင်းလျမ်(သျှမ်းနီ)စာပေနဲ့ ရိုးရာယဉ်ကျေးမှုကော်မတီရုံးကို မနေ့က ဇူလိုင် ၁၃ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီဖွင့်ပွဲအခမ်းအနားကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) မှ အရှိတွေ နဲ့ တပ်ဖွဲ့ဝင်တွေ၊ ကတူးခေါင်းဆောင်တွေ၊ မြို့မိမြို့ဖတွေ၊ ရှမ်းနီသံဃာတော်တွေ နဲ့ ဗန်းမောက်ရှမ်းနီစာယဉ်မှ အဖွဲ့ဝင်တွေလည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။